Sai Sai Kham Leng - Yone Par (ယုံပါ)

မင်းကြောင့်ဖြစ်တဲ့စိတ်ကူးများ
မင်းကြောင့်မက်တဲ့အိမ်မက်မှာ
မင်းကြောင့်ဘဝကို ငါစွဲလမ်းတတ်နေပြီ
ပန်းပွင့်လေးတွေခုန်ဆင်းချ
စမ်းချောင်းလေးတောင် လွန့်လူးလာ
သစ်ရွက်ခြောက်လို ငါ့နှလုံးသားလည်း ကြွေပြီ
မင်းကြောင့်ကိုယ့်မှာ လွမ်းတတ်နေပြီ
ကိုယ့်ရဲ့ရင်ခုန်ခြင်းဆိုတာ အကုန် မင်းကြောင့်ပါ အချစ်ရေ
ငါ့နှလုံးသားတစ်ချက်ခုန်တိုင်းမှာ
ငါတမ်းတတဲ့နေရာတိုင်းမှာ
မင်းတစ်ယောက်တည်းပါအချစ်ရေ
နှလုံးသားနဲ့ မင်းဖြေ
ဝင်သက်ထွက်သက်တိုင်းမှာ
အချိန်တိုင်းစက္ကန့်တိုင်းမှာ
ရိုးမြေကျပါတစ်သက်စာ
ငါ့အချစ်တို့ ယုံပါ
မင်းတစ်ယောက်တည်းငါ တန်ဖိုးထား
မင်းတစ်ယောက်တည်းသာ မြတ်နိုးရာ
မင်းတစ်ယောက်တည်းအတွက် ငါအသက်ဆက်လို့ ရှင်မှာ
ပန်းပွင့်လေးတွေခုန်ဆင်းချ
စမ်းချောင်းလေးတောင် လှုပ်ရှားလာ
သစ်ရွက်ခြောက်လို ငါ့နှလုံးသားလည်း ကြွေရှာ
ဟေး မင်းကိုပဲ အလေးအနက်ထားနေဦးမှာ
မင်းမရှိရင်မဖြစ်တာပါ
ဒါကို မင်းနားလည်ပေါ့ အချစ်ရေ
ငါ့နှလုံးသားတစ်ချက်ခုန်တိုင်းမှာ
ငါတမ်းတတဲ့နေရာတိုင်းမှာ
မင်းတစ်ယောက်တည်းပါအချစ်ရေ
နှလုံးသားနဲ့ မင်းဖြေ
ဝင်သက်ထွက်သက်တိုင်းမှာ
အချိန်တိုင်းစက္ကန့်တိုင်းမှာ
ရိုးမြေကျပါတစ်သက်စာ
ငါ့အချစ်တို့ ယုံပါ
မင်းကိုပဲ အလေးအနက်ထားမယ့်သူပါ
မင်းမရှိရင်မဖြစ်တာပါ
ဒါကို မင်းနားလည်ပေါ့ အချစ်ရေ
ငါ့နှလုံးသားတစ်ချက်ခုန်တိုင်းမှာ
ငါတမ်းတတဲ့နေရာတိုင်းမှာ
မင်းတစ်ယောက်တည်းပါအချစ်ရေ
နှလုံးသားနဲ့ မင်းဖြေ
ဝင်သက်ထွက်သက်တိုင်းမှာ
နာရီစက္ကန့်တိုင်းမှာ
ရိုးမြေကျပါတစ်သက်စာ
ငါ့အချစ်တို့ ယုံပါ
ငါ့အချစ်တို့ ယုံပါ
ငါ့အချစ်တို့ ယုံပါ

Written by:
Sai Sai Kham Leng

Publisher:
Lyrics © O/B/O DistroKid

Lyrics powered by Lyric Find

Sai Sai Kham Leng

Sai Sai Kham Leng

View Profile