Sai Sai Kham Leng - A Mone Tha Mar

ရှေးရှေးတုန်းကတော့ ငါ့မှာအချစ်ကို ရူးရူးမူးမူးကိုးကွယ်ခဲ့
မင်းပါးစပ်ကပြောလိုက်တဲ့စကားကို အမိန့်လိုငါမှတ်ထင်တယ်
မင်းခိုင်းသမျှ ခေါင်းညိတ်လိုလုပ်တယ် ငါဆပ်ကပ်ထဲကမျောက်လိုပဲ
နှုတ်ခမ်းဖျားကပြုံးလိုက်တဲ့ အပြုံးကို ငါဦးထိပ်ပန်ရွက်ဆင်ခဲ့
နင်အပျော်ဖတ်တဲ့ ဝတ္ထုတစ်အုပ်လို ငါ့ကို
နင်သဘောထားတော့လည်း နောက်ထပ်တွဲဖို့အားအင်လည်း
ငါ့ရင်ထဲကုန်ခန်းလို့နေပြီ

ငါလေအရူးတော့မဖြစ်ချင်ဘူး အဝေးမှာရှောင်ဖယ်နေစမ်းပါ
ငါတကယ်ဇာတ်နာတယ် ဒီမျက်နှာကိုလေငါမမြင်ချင်လိုပါ
ငါလေနောက်ထပ်မချစ်ချင်ဘူး အဝေးကိုနင်လေထွက်သွားပါ
နင်စော်ကားတာတွေ သိပ်များကာနေပြီငါမဖြစ်ချင်လို့ပါ အမုန်းသမား

လျှာအရိုးမရှိနင်ပေးတဲ့ဂတိတွေ ဗိုင်းရပ်စ်လိုကိုက်နေတယ်
ရိုးရိုးသားသားဇွတ်မှိတ်ယုံလိုက်တယ် ငါဟာရာဇဝင်ရိုင်းသွားတယ်
လိုချင်တာတွေအားလုံးကိုပေးဆပ်ခဲ့ ဆီမီးခွက်စောင့်တဲ့ ဘီလူးလိုပဲ
ယစ်မူးခဲ့မင်းပေးတဲ့အနမ်းတို့ ဓားသွားထက်ကပျားရည်ပဲ
နင်အပျော်ဖတ်တဲ့ ဝတ္ထုတစ်အုပ်လို ငါ့ကို
နင်သဘောထားတော့လည်း နောက်ထပ်တွဲဖို့အားအင်လည်း
ငါ့ရင်ထဲကုန်ခန်းလို့နေပြီ

ငါလေအရူးတော့မဖြစ်ချင်ဘူး အဝေးမှာရှောင်ဖယ်နေစမ်းပါ
ငါတကယ်ဇာတ်နာတယ် ဒီမျက်နှာကိုလေငါမမြင်ချင်လိုပါ
ငါလေနောက်ထပ်မချစ်ချင်ဘူး အဝေးကိုနင်လေထွက်သွားပါ
နင်စော်ကားတာတွေ သိပ်များကာနေပြီငါမဖြစ်ချင်လို့ပါ
အမုန်းသမား အရှုံးသမား မဖြစ်ချင်ဘူး
ငါ့ရှေ့ကမြန်မြန်ဆန်ဆန် ထွက်သွားပေးစမ်းပါ
တောင်းပန်ပါရဲ့ ရှိကြီးခိုးပါတယ် ခံနိုင်ရည်ကုန်ဆုံးပြီ

ငါလေအရူးတော့မဖြစ်ချင်ဘူး အဝေးမှာရှောင်ဖယ်နေစမ်းပါ
ငါတကယ်ဇာတ်နာတယ် ဒီမျက်နှာကိုလေငါမမြင်ချင်လိုပါ
ငါလေနောက်ထပ်မချစ်ချင်ဘူး အဝေးကိုနင်လေထွက်သွားပါ
နင်စော်ကားတာတွေ သိပ်များကာနေပြီငါမဖြစ်ချင်လို့ပါ အမုန်းသမား

Written by:
Sai Sai Kham Leng

Publisher:
Lyrics © O/B/O DistroKid

Lyrics powered by Lyric Find

Sai Sai Kham Leng

Sai Sai Kham Leng

View Profile