Sai Sai Kham Leng - High Shar Bar (feat. Soe Gyii & Bunny Phyoe)

မင်းအတွက်သီချင်းတစ်ပုဒ်ရေးဖွဲ့
ဂန္ထဝင်မြောက်မင်းရဲ့အလှဘွဲ့
အိုဘယ့်ဘယ် အိုဘယ့်မိန်းကလေး
ဗို့အားက ပြင်းထန်လွန်းလှတယ်
Right-D, Bunny စိုးကြီးနဲ့ စိုင်းစိုင်းခမ်းလိုင်
ဆိုညည်းတဲ့သီချင်းက မင်းအတွက်

ဒီအချိန်မှာတွေ့တွေ့သမျှက အလန်းဆုံးမို့
အာရုံတွေဝေခွဲမရအောင် ဖြစ်ခဲ့လို့
သူမတူအောင် ညှို့ဓာတ်အပြည့်နဲ့ မင်းအလှကို
ခြေရာခံလိုက်ရင်းနဲ့ ကိုယ်စွဲလမ်းလို့
ချစ်စိတ်‌တွေ ထိန်းမရဘူး ထိန်းဖို့မဖြစ်နိုင်ဘူး ဟူး
ချစ်စိတ်တွေထိန်းမရဘူး ထိန်းဖို့မဖြစ်နိုင်ဘူး

တဒပ်ဒပ်ဒပ် စက်သေနတ်နဲ့ပစ်သလို
ရင်ဘတ်ဘတ်ဘတ်ဘတ် စုတ်ပြတ်နေခဲ့
ရပ် ရပ် ရပ် ရပ်တန့်လို့မရ
ဒီမှာကပ်ကပ်ကပ်နေပြီ စူပါဂလူးလိုပဲ
မူးပြီ အရက်တစ်ခွက်လို မူးပြီ
ရူးပြီ ဒီမှာအဆိပ်တက်လို့ ရူးပြီ
လိုအပ်ချက်ထက်ပိုလျှံထွက်နေတဲ့
မင်းအလှအပတရားက အချစ်စိတ်ကို ဦးတည်
J Lo ဘော်ဒီနဲ့ ပျိုမဒီ
အာတာပူစီလို မင်းအပြုံးကချိုသည်
တုနိုင်းစရာအထူးတော့မရှိ baby မင်းနှုတ်ခမ်းက
Angelina Jolie
သံလိုက်လိုမင်းအနားပဲကပ်ငြိ
ဆော်ကြည်ဘဲတွေအားလုံးလည်: heart ထိ
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့မို့
မင်းအကြောင်းစဉ်းစားတိုင်း နားကားနေပြီ damn

ဒီအချိန်မှာတွေ့တွေ့သမျှက အလန်းဆုံးမို့
အာရုံတွေဝေခွဲမရအောင် ဖြစ်ခဲ့လို့
သူမတူအောင် ညှို့ဓာတ်အပြည့်နဲ့ မင်းအလှကို
ခြေရာခံလိုက်ရင်းနဲ့ ကိုယ်စွဲလမ်းလို့
ချစ်စိတ်‌တွေ ထိန်းမရဘူး ထိန်းဖို့ဖြစ်နိုင်ဘူး ဟူး
ချစ်စိတ်တွေထိန်းမရဘူး ထိန်းဖို့မဖြစ်နိုင်ဘူး
နား နား နား နား နားကားမှာကြောက်တယ်

ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား သေပြီဆရာ

ရင်တွေခုန်စေသည် တုန်နေသည် oh ခြေလှမ်းတိုင်း
နှလုံးသားလေး jelly လိုမျိုး
အဲလိုတန်ဖိုးဈေးကြီးတယ်
Oh အလှအပကကြွရွ လှယဉ်ကျေးမယ် body မျိုး
မင်းကြောင့်ရင်ခုန်သံတွေ ဒိန်းတပ်တပ်ခြေတစ်လှမ်းချင်း နင်ဘယ်ညာယိမ်းလျက်
လျှောက်တော့ရင်ခုန်သံတွေထိန်းမတက် မင်းက မိန်းမလှကျွန်းက dangerous
မာယာပိုက်ကွန်ထဲက ရုန်းထွက်ဖို့ခက်ပြီ
ပတ်သတ်မိသူအားလုံးအတွက် အပြင်းစားငရဲမီး
ပွဲချင်းပါပြီးသွားမယ် she's a man eater
နတ်သမီးလိုလှတဲ့မင်းက အညှာအတာမဲ့ မိစ္ဆာ
မင်းက ပြုစားတတ်တဲ့ ဆယ်နှစ်ကြိုးကဝေပျို
ရှင်ဆိုရှင် သေဆိုသေ လိုရာကိုစေဖို့
အကြောင်းမသိတဲ့သူတွေကလည်းတန်းစီကာနေလို့ ဖြည်းဖြည်းချင်း ဇီဝိန်ချွေ လက်ခုပ်ထဲကရေလို
ကလီယိုပက်ထရာဝင်စားတဲ့ မင်းက
လူ့အသက်ကိုသေစေချင်သတ်နိုင်လောက်အောင်မင်းလှ
လပြည့်ညတွေမှာ အမဲလိုက်နေကြ
မင်းကမိန်းမလှကျွန်းက သမန်းကျားမ wow ဟိုက်ရှားဘား

ဒီအချိန်မှာတွေ့တွေ့သမျှက အလန်းဆုံးမို့
အာရုံတွေဝေခွဲမရအောင် ဖြစ်ခဲ့လို့
သူမတူအောင် ညှို့ဓာတ်အပြည့်နဲ့ မင်းအလှကို
ခြေရာခံလိုက်ရင်းနဲ့ ကိုယ်စွဲလမ်းလို့
ချစ်စိတ်‌တွေ ထိန်းမရဘူး ထိန်းဖို့ဖြစ်နိုင်ဘူး ဟူး
ချစ်စိတ်တွေထိန်းမရဘူး ထိန်းဖို့ဖြစ်နိုင်ဘူး
နား နား နား နား နားကားမှာကြောက်တယ်

ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား သေပြီဆရာ

မြင်နေရတယ် လူတွေကြားထဲ
hey lady တကယ်လှတယ်
အဝတ်အစားက hot shot
တီးလုံးသံတွေကြားထဲမှာ အားရအောင်ကမယ်
လှုပ်ရှားလိုက်မင်းရဲ့ခါး မင်းကမြန်မာ Shakira
Oh အလန်းစား အရမ်းဖမ်းစား oh
အပျံစား oh ဟိုက်ရှားဘား

ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား သေပြီဆရာ
ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား
ဟိုက်ရှားဘား သေပြီဆရာ

Written by:
Bunny Phyoe, Sai Sai Kham Leng, Soe Gyii

Publisher:
Lyrics © O/B/O DistroKid

Lyrics powered by Lyric Find

Sai Sai Kham Leng

Sai Sai Kham Leng

View Profile