Sai Sai Kham Leng - Sayarma Gyi (feat. Nanda Sai)

နောက်တစ်ခေါက်နောက်ထပ်တွေ့ရင်အချိုးပြင်ခဲ့
ပြုပြင်ရေးစခန်းအရောက်ပို့ချင်တယ်
ဒီအထာတွေ လာမလုပ်နဲ့မကြိုက်ဘူး
ဒီတစ်ခါနင် လုံးဝမမိုက်ဘူး
ဘော်ဒါလို့အကြောင်းပြ တွဲနေခိုက်
နင်လျှော်တာတွေများလို့ လဲသေလိုက်
တော်ပါပြီ ဂယောက်ဂယက်ဖြစ်နေပြီ
မင်းဂဒက်တွေ စိတ်ကုန်နေပြီ

အို အို ဦးနှောက်ကြီး တစ်စစီကွဲထွက်တော့မယ်
မိုင်း မိုင်း မိုင်းဗုံးတစ်လုံးလိုပဲ မင်းရက်စက်တယ်
ခွဲ ခွဲ ခွဲခန်းသုံးတဲ့ ဓားနဲ့ အစိမ်းလိုက်ခွဲ
ခုတ်တယ် ပိုင်းတယ်
ဆရာမကြီးပါပဲ

ဦးနှောက်ကြီးကိုဖောက်ထုတ် မင်းအနားမှာအမြဲငါကျောက်ရုပ်
မလှုပ်တလှုပ် ငါအမြဲနေခဲ့တာ တဖြည်းဖြည်းနဲ့ဇယားတွေကရှုပ်ပွ
အလျှော့ပေးတော့ ခေါင်းပေါ်အထိတက်
တနေ့ထက်တနေ့ရောင့်တက် အိုး
ငါ့ဘဝလည်းဂယောက်ဂယက် အိုး
စိတ်ဓာတ်ကျ အာရုံတွေလည်းနောက်ခဲ့
ပြဿနာတွေလှိမ့်ရှာခဲ့ အကြောင်းမဲ့
နင့်လက်ခုပ်ထဲကရေလိုပဲ မှောက်ခဲ့
အပြောအဆိုအမူအရာတွေ ပြောင်းလဲ
နင့်အတွေးအခေါ်အယူအဆက မြောင်းထဲ
အရှေ့မှာလည်း ပေါ်တင်ပဲ ဖောင်းလ်ခဲ့
ငါ့နောက်ကွယ်မှာရှုပ်ပြီးတော့ ဗလောင်းဗလဲ
နဖားကြိုးနဲ့ထိုးပြီးတော့ ဇောင်းထဲ
မောင်းထည့် အိုး နင်ငါ့ကို

နောက်တစ်ခေါက်နောက်ထပ်တွေ့ရင် အချိုးပြင်ခဲ့
ပြုပြင်ရေးစခန်းအရောက် ပို့ချင်တယ်
ဒီအထာတွေလာမလုပ်နဲ့မကြိုက်ဘူး
ဒီတစ်ခါနင်လုံးဝမမိုက်ဘူး
ဘော်ဒါလို့အကြောင်းပြ တွဲနေခိုက်
နင်လျှော်တာတွေများလို့ လဲသေလိုက်
တော်ပါပြီ ဂယောက်ဂယက်ဖြစ်နေပြီ
မင်းဂဒက်တွေ စိတ်ကုန်နေပြီ

အို အို ဦးနှောက်ကြီးတစ်စစီ ကွဲထွက်တော့မယ်
မိုင်း မိုင်း မိုင်းဗုံးတစ်လုံးလိုပဲ မင်းရက်စက်တယ်
ခွဲ ခွဲ ခွဲခန်းသုံးတဲ့ ဓားနဲ့ အစိမ်းလိုက်ခွဲ
ခုတ်တယ် ပိုင်းတယ်
ဆရာမကြီးပါပဲ

ဂါပါတယ် သာပါတယ် အိုး
ဘယ်အချိန်ပဲကြည့်ကြည့် ဆရာအထာနဲ့
အပြောကောင်းတယ် ကဗျာဆရာပဲသိလား
မနူးမနပ်နဲ့ မင်းရှေ့မှာအငိုက်မိသွား
အော့ကြောလန် ရန်ဖြစ်တယ်
မင်းနာမည်ကိုခေါ်မိရင် လက်ထိုးပြီးအန်ပစ်မယ်
ထစ်ကနဲရှိ မျက်ရည်ကဝိုင်းခဲ့
အဲဒီနေ့က ကျောင်းမတက်ဘူးဒီဇိုင်းနဲ့
ငါ့ရာဇဝင်တွေရိုင်းခဲ့
မင်းအချစ်က မြေမြှုပ်တဲ့မိုင်းပဲ
အနိုင်ကျင့်ပြီး အနိုင်နဲ့လည်းပိုင်းခဲ့
ပလပ်ကျွတ်ပြီး ထင်ရာလည်းစိုင်းတယ်
လော်စပီကာလိုပဲ နားထဲအော်ထည့်
အဝတ်လျှော်စက်ကြီးလိုပဲ လျှော်ခဲ့
ရည်းစားတွေထည်လဲပြီး အပျော်တွဲ
အိုး အိုက်တင်က အကယ်ဒမီရှော့ခ်နဲ့

နောက်တစ်ခေါက်နောက်ထပ်တွေ့ရင် အချိုးပြင်ခဲ့
ပြုပြင်ရေးစခန်းအရောက် ပို့ချင်တယ်
ဒီအထာတွေလာမလုပ်နဲ့မကြိုက်ဘူး
ဒီတစ်ခါနင်လုံးဝမမိုက်ဘူး
ဘော်ဒါလို့အကြောင်းပြ တွဲနေခိုက်
နင်လျှော်တာတွေများလို့ လဲသေလိုက်
တော်ပါပြီ ဂယောက်ဂယက်ဖြစ်နေပြီ
မင်းဂဒက်တွေ စိတ်ကုန်နေပြီ

အို အို ဦးနှောက်ကြီး တစ်စစီကွဲထွက်တော့မယ်
မိုင်း မိုင်း မိုင်းဗုံးတစ်လုံးလိုပဲ မင်းရက်စက်တယ်
ခွဲ ခွဲ ခွဲခန်းသုံးတဲ့ ဓားနဲ့ အစိမ်းလိုက်ခွဲ
ခုတ်တယ် ပိုင်းတယ်
ဆရာမကြီးပါပဲ
ဦးနှောက်ကြီး တစ်စစီကွဲထွက်တော့မယ်
မိုင်း မိုင်း မိုင်းဗုံးတစ်လုံးလိုပဲ မင်းရက်စက်တယ်
ခွဲ ခွဲ ခွဲခန်းသုံးတဲ့ ဓားနဲ့ အစိမ်းလိုက်ခွဲ
ခုတ်တယ် ပိုင်းတယ်
ဆရာမကြီးပါပဲ

အဲဒီနေ့က ကျောင်းမတက်ဘူးဒီဇိုင်းနဲ့ ဒီဇိုင်းနဲ့ ဒီဇိုင်းနဲ့
ဒီဇိုင်းနဲ့
အဲဒီနေ့က
အိုက်တင်က အကယ်ဒမီရှော့ခ်နဲ့ ရှော့ခ်နဲ့ ရှော့ခ်နဲ့
အကယ်ဒမီရှော့ခ်နဲ့
အိုက်တင်က ရှော့ခ်နဲ့ ရှော့ခ်နဲ့
အဲဒီနေ့က ကျောင်းမတက်ဘူးဒီဇိုင်းနဲ့

Written by:
Sai Sai Kham Leng

Publisher:
Lyrics © O/B/O DistroKid

Lyrics powered by Lyric Find

Sai Sai Kham Leng

Sai Sai Kham Leng

View Profile